ဟုမ္မလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ဟုမ္မလင်း  စက်တင်ဘာ    ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ယနေ့ နံနက်()နာရီက ဟုမ္မလင်းမြို့၊ ခိုပဲဝလမ်းနှင့် နောင်ပိုအောင်၊ နမ့်တောသို့ သွားသည့်လမ်းစုံ၌ ခရီးသွား ပြည်သူများ၊ လမ်းသွား၊ လမ်းလာ ပြည်သူများကို နှာခေါင်းစည်း (mask) ၅၀၀ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်ကျော်၊ ခုတင်(၁၀၀) ဆံ့ပြည် သူ့ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်၊ စည်ပင်အမှုဆောင်အရာရှိ  ဒေါ်ဆန်းယဉ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမျိုးနှင့် ရဲတပ်တပ်ဖွဲဝင်များ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများက ပူးပေါင်း၍ အပြင်ထွက်လျှင် နှာခေါင်းစည်း (mask) တပ် ဆင်ပြီးမှ ထွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နား ဆောင်ရွက်ကြရန်နှင့် ပြည်သူများအား နှာခေါင်းစည်း (mask) ၅၀၀ကို အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)