ခရမ်းမြို့တွင် စားသောက်ဆိုင်များ ပါဆယ် စနစ်ဖြင့်သာ ရောင်းချ

ခရမ်း စက်တင်ဘာ ၁၅

ခရမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း  သိရသည်။

ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အမျိုးသားရေး တာဝန်အဖြစ်    ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည့်အပြင် ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ပြည်သူလူထုမှ လိုက်နာဆောင်ရွက်ရန် ပန်ကြားချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် လူစူလူဝေးမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သဖြင့် လူစုလူဝေးနှင့် လူထူထပ်သောနေရာများကို နေထိုင်သွားလာခြင်းမှ   အတတ်နိုင်ဆုံး ရှောင်ကြဉ်ခြင်းဖြင့် ရောဂါကူးစက်မပြန့်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ခရမ်းမြို့နယ်၌ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဘက်ရည်ဆိုင်များမှ  ရောင်းချသော အစားအသောက်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုစေဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချကြကြောင်း သိရသည်။

ကိုမင်း(ခရမ်း)