မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်

မုဒုံ  စက်တင်ဘာ  ၁၅

ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း များနှင့် သဘာဝဘေး အန္တရာယ် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည် နယ် မုဒုံမြို့နယ်ရှိ ကျုံဖိုက်ကျေးရွာ၊ ဝက်တဲ-ညောင်ကုန်းကျေးရွာနှင့် တော်ကူး-တံခွန်တိုင် ကျေး ရွာများ၌ အသိပေးနှိုးဆော် လျက်ရှိသည်။

ထို့သို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍  လူစည်ကားရာ နေရာများဖြစ်သော ဈေးနှင့် လမ်းဆုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များကို လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုး ဆော်ခဲ့သည်။

ဆက်လက်၍ ကျေးရွာအတွင်းနေထိုင်သော ပြည်သူများထံ နှာခေါင်းစည်းများနှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် Mask တပ်ဆင်သွားလာကြရန်၊ မကြာခဏ လက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ် အကွာအဝေးအတိုင်း နေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာ ပေးခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)