အလုံမြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီသို့ ပါးစပ်၊ နှာခေါင်းစည်း(Mask) အခု ၁၀၀၀ လာ​ရောက်လှူဒါန်း

အလုံ စက်တင်ဘာ ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြိူ့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပါးစပ်၊ နှာ​​ခေါင်းစည်း(Mask)များကို   ယနေ့ ညနေပိုင်းက  အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အ​ရေး​ပေါ်တုံ့ပြန်​ရေး​ ကော်မတီသို့   လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် အလှူရှင် 777 Toys  & Baby Mart မှ ပါးစပ်၊ နှာ​ခေါင်းစည်း(Mask) အခု ၁၀၀၀ အား ပေးအပ်လှူဒါန်းခဲ့ရာ အလုံမြို့နယ်  ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အဖွဲ့ဝင် ဦးပြည့်ဖြိုး​အောင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)