တနင်္သာရီ စက်တင်ဘာ ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူး ဦးကျော်ဆန်း နှင့်ဝန်ထမ်းများသည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်းပြီး ယမန်နေ့ ည၇နာရီခွဲအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ ဆိုင်ရာများကို အသိပညာပေးခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်း Maskနှင့် ပညာပေး လက်ကမ်း စာစောင်များကို (အခမဲ့) ဝေငှပေးခြင်းနှင့် ပညာပေး ပိုစတာများကပ်ထားကြော်ငြာပေးခြင်းတို့အား မိဘပြည်သူများအပါအဝင် ခရီးသွား ပြည်သူများက သတိရှိရှိ အသိရှိလိုက်နာနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် နှိုးဆော်ပေးကြကြောင်း သိရှိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာမှာ လူအသွားအလာများသည့် တနင်္သာရီ တံတားထိပ်နေရာမှစပြီး မြို့ပေါ် ရပ်ကွက်ဖြစ်သော ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက် အတွင်းမြို့အဝင်လမ်းများအတိုင်း မော်တော်ယာဉ်ဖြင့်လှည့်လည် ၍ (ကိုဗစ်-၁၉ရောဂါကြို တင်ကာ ကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်နေသော လမ်းညွှန် ချက်များ အတိုင်း တိတိကျကျလိုက်နာကြပါရန်၊ အတတ်နိုင်ဆုံး မိမိနေအိမ်တွင်သာနေကြရန်၊ မဖြစ်မနေ အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ပြီးမှထွက်ကြပါရန်၊ ပစ္စည်း တစ်ခုခုကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန် ရောက်လာတိုင်း ဆပ်ပြာရည်ဖြင့် လက်ကိုမိနစ်(၂၀) ကြာသည် အထိ စနစ်တကျမပျက်မကွက်ဆေးကြောသန့်စင်ကြပါရန်၊ ည(၁၂)နာရီမှမနက်(၄)နာရီ အတွင်း နေအိမ်အပြင်သို့မထွက်ရန်စသည့်ဒေသန္တရာအမိန့်ကို လိုက်နာကြပါရန် အသံချဲ့စက်ဖြင့်
လှည့်လည်ကာ အသိပေးကြေညာပေးကြသည်။
ခရီးသွားများအား Mask နှင့် ပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လူအသွားအလာများသည့် လမ်းဆုံနေရာများ၊ ဈေးဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပိုစတာ များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာ နိုင်စေရန် ကပ်ထားကြေညာပေးကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း