ကျိုက်မရော စက်တင်ဘာ ၁၅
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မသန်စွမ်းသူများအား စားဝတ်နေရေး အဆင်ပြေစေရန် အတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ရွှေဟင်္သာ) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်မျိုးမြင့်တို့က အမှာ စကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်က မသန်စွမ်းသူများအား ကိုဗစ်- ၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဌေးဝင်းက ကျိုက်မရောမြို့ နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၈) အုပ်စုမှ မသန်စွမ်းသူ(၄၄၃)ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၃၂၉၀၀၀၀ိ/) ကျပ်အား ပေးအပ်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ စနစ်တကျ လွှဲပြောင်း ပေးအပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ တစ်ဆင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)