ဖား​ဆောင်းမြို့နယ်ရဲတပ်ဖွဲ့မှ (၅၆)နှစ်​မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့​နေ့ ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ​ဆောင်ရွက်

ဖား​ဆောင်း     စက်တင်ဘာ   ၁၅

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊​ အောက်တိုဘာလ()ရက်  နေ့တွင်ကျ​ရောက်မည့် (၅၆)နှစ်​မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ယ​နေ့ နံနက်()နာရီ အချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်စိုးနှင့် တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်း များ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ထိုသို့​ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲ​မှူး​ကျော်စိုးနှင့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူးစဲရယ်() စံရင်နှင့် ရဲတပ်ဖွဲ့ဝင် (၂၈)ဦးတို့က တောင်​ပေါ်​ကျေးရွာရှိ တပ်ဦးဘုန်း​​တော်ကြီး​ကျောင်းနှင့်မြောက်ပိုင်း ရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်းဝန်းအတွင်းတွင် မြတ်ပင်၊ ချုံနွယ်များ ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်သရိုက် များရှင်းလင်းရှင်း၊ အမှိုက်များ မီးရှို့ခြင်းတို့ကို ပြည်သူ့အကျိုးပြု​ဆောင်ရွက် ခဲ့ကြ​ကြောင်းသိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)