တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာ ပြန်လည်ဖွင့်လှစ်

တိုက်ကြီး စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာကို စက်တင်ဘာလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စောင့်ကြည့်ရေးစင်တာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် သတင်းထုတ်ပြန်ချက်အရ တိုက်ကြီးမြို့နယ် ဗောဓိကုန်း ရပ်ကွက် ဘောလုံးကွင်း(၁)လမ်းတွင် နေထိုင်သူတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး နောက် ယင်းနှင့် ဆက်စပ်သူ အမျိုးသား(၂)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူ ဒေသခံအမျိုးသား(၅)ဦး စုစုပေါင်း(၇)ဦး အား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ စေတနာရှင် အလှူ ရှင်များမှလည်း စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များ၊ နှာခေါင်းစည်း(Mask)များ၊ လက်သန့်ဆေးရည်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို လာရောက်လှူဒါန်းလျက်ရှိကြောင်း ကိုဗစ်-၁၉ စောင့်ကြည့် ရေးစင်တာမှ တာဝန်ခံ ဦးရဲနိုင်ထံမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)