ခန္တီး စက်တင်ဘာ ၁၅
COVID-19 Economic Relief Programme အစီစအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးမျိုးစေ့စိုက်ပျိုးသည့် တောင်သူများကို ယနေ့နေ့လယ်က ခန္တီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများပေးအပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းဝေက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် နိုင်ငံတော်က ထောက်ပံ့ငွ ေပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခန္တီးမြို့နယ်တွင် မိုးစပါးမျိုးစေ့စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား မျိုးစပါးစိုက် တစ်ဧကလျှင်ငွေကျပ် တစ်သိန်းလေးသောင်းရှစ်ထောင့်ငါးရာ၊ နှစ်ဧကလျှင် နှစ်သိန်းကိုးသောင်းခုနှစ်ထောင် ၊ သုံးဧကလျှင် လေးသိန်းလေးသောင်း ငါးထောင်ငါးရာကို မျိုးစပါးစိုက်ထုတ်တောင်သူ တစ်ဆယ့်ခုနှစ်ဦးတို့ အား စုစုပေါင်းထောက်ပံ့ငွေကျပ် ငါးဆယ့်တစ်သိန်း ကိုးသောင်း ခုနှစ်ထောင့်ငါးရာကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ခန္တီးမြို့နယ်တွင် ကျေးရွာအုပ်စုငါးစုနှင့် ကျေးရွာခြောက်ရွာတို့က မိုးစပါးမျိုးစေ့ထုတ်ဧက သုံးဆယ့်ငါးဧက စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)