တိုက်ကြီး စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆိုင်ခန်းများအနက် ဆေးဆိုင်များနှင့် အခြေခံစားသောက်ကုန်ပစ္စည်းဆိုင်များသာ ယမန်နေ့ နံနက်ပိုင်းမှစ၍ ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးအတွင်း၊ အပြင်နှင့် ပျံကျဈေး တို့တွင် ဈေးရောင်းချနေသူများနှင့် ဈေးသို့ လာရောက်ဝယ်ယူသူပြည်သူများအား ပါးစပ်/ နှာခေါင်း စည်း(Mask)များ၊ လက်အိတ်များ တပ်ဆင်သွားလာရေးအတွက် ကိုဗစ်-၁၉ ရောဂါအသိပညာပေး ပိုစတာများကို မြို့မဈေး၏ ဝင်ပေါက်များတွင် အသိပညာပေးနှိုးဆော် ထားပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ စစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)