ရေဇွာ စက်တင်ဘာ ၁၅
ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ယနေ့ စက်တင်ဘာလ(၁၅)ရက်နေ့က ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာခြင်းကို မတူပီမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအမိန့်စာအမှတ် (၁၃/၂၀၂၀)ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
အဆိုပါ အမိန့်စာအား အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက်ဌာန ဆိုင်ရာရုံးများ ဖြန့်ဝေပြီး ကြော်ညာခြင်း၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးများတွင် ဖြန့်ဝေပြီး ကြော်ငြာပုဒ်များတွင် ကပ်ထားခြင်းများဆောင်ရွက်ခဲ့သည်။
ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာခြင်းကို စက်တင်ဘာလ၁၅ရက်နေ့မှ စတင်ပြီး နေ့စဉ်ည(၁၂)နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအထိဖြစ်ပြီး အမိန့်ထုတ်ပြန်သည့် နေ့မှစ၍ (၂)လအတည်ဖြစ်ကြောင်းနှင့် ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာခြင်းသည် အများပြည်သူအကျိုးအတွက် ရည်ရွယ်ထုတ်ပြန်ခြင်း ဖြစ်သဖြင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)