မင်းကင်းမြို့ Community Based Facility Quarantine Centre များတွင် ထားရှိသော စောင့်ကြည့်လူများ၏ ဆေးစစ်ဆေးချက်များ ထုတ်ပြန်

မင်းကင်း  စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ပြည်ပမှပြန်လာသူများ၊ Stay Home ဒေသမှပြန်လာသူများအား သက်ဆိုင်ရာ Community Based Facility Quarantin Centre များတွင်ထားရှိပြီး swabပေးပို့စစ်ဆေးခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုပျံ့နှံမှု ပိုမိုမြင့်မားလာသည်နှင့်အညီ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်​ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာန ဉီးစီးမှူးဒေါက်တာခင်သူသူလွင်နှင့် ဝန်ထမ်းများက ဩဂုတ်လ၂၂ ရက်နေ့မှ ယနေ့အထိ ပြည်ပနှင့် ပြည်တွင်းရှိ နေရပ်ပြန်ပြည်သူများအား သီတဂူစက္ခုဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးခြား ဆောင်နှင့် ကျေးရွာအခြေခံပညာ ကျောင်းများတွင် (၂၁၆)ဉီးရှိရာ (၁၄၃)ဉီးအား swab များစစ်ဆေး​ရန်ပေးပို့ခဲ့ရာ Negative ဖြစ်ပြီး ကျန်ရှိသည့်(၇၃)ဉီးကို လည်းဆက်လက်ပေးပို့ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

လှငွေ(မင်းကင်း)