ဗန်းမောက် စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာနေကြရသည့် လမ်း သွားလမ်းလာ မိဘပြည်သူများအား နှာခေါင်းစည်း (Mask) အခုရေ (၅၀၀၀) အခမဲ့ဖြန့်ဝေပေး ခြင်းကို ယနေ့နံနက်(၆)နာရီအချိန်က ယာယီစျေးဖွင့်လှစ် ထားရှိသည့် မြို့မဘောလုံးကွင်း ဝင်းပေါက်၌ စျေးသို့ လာရောက်ကြသည့် မိဘပြည်သူများအားလည်းကောင်း၊ မြို့တော်ခန်းမရှေ့၌ လည်းကောင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါနှာခေါင်းစည်း (Mask) များ အခမဲ့ဖြန်ဝေပေးရန် မြို့နယ်မြင့်မြတ်သွေးလှူရှင်များ လူမှုရေး အသင်းမှ သူအသင်းသားအသင်းသူများက ဦးဆောင်၍ စေတနာရှင် အလှူရှင်များမှ လှူဒါန်း ထားရှိသည့်နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့တာဖြစ်ပြီး ယခုအကြိမ်ဖြန့်ဝေ ခြင်းသည် ဒုတိယ အကြိမ် ဖြန့်ဝေပေတာဖြစ်ကြောင်း သိရသည်။
မေသူ (ဗန်းမောက်)