ဖောင်းပြင် စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကုန်စုံဆိုင်များအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကုန်ပစ္စည်းများ၊ စားသောက်ကုန်များကိုသာ ရောင်း ချစေခဲ့ရာ ယနေ့ နံနက် ၈နာရီအချိန်က မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲအုပ်လှမျိုးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့မဈေးတာဝန်ခံ ဦးဇော်ဝင်းလှိုင် တို့က မြို့မ စည်ပင်သာယာဈေး၌ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ စားသောက်ကုန်များ၊ အလှကုန်များအပြင် အခြားကုန်ပစ္စည်းများအား ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိမရှိ ရှောင်တခင် စစ်ဆေးခဲ့ပြီး ယခုလို စစ်ဆေး ခြင်းသည် စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ဘေးကင်း လုံခြုံမှုရှိစေရန်နှင့် ထိခိုက်နစ်နာ မှုများ မဖြစ် ပေါ်စေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ မြို့ နယ်တာဝန်ခံ ဦးကျော်သန်းစိန်ထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)