မိုးကုတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျပြီးပျက်စီးမှု အချို့ဖြစ်ပွား

မိုးကုတ်၊ စက်တက်ဘာ ၁၅

 

မိုးကုတ်မြို့တွင်မိုးရွာသွန်းမှုကြောင့်  ယမန်နေ့ နေ့လယ် ၁၁ နာရီခန့်က မိုးရွာ သွန်းပြီး ရေနီချောင်းရေ တိုက်စားမှုကြောင့် စည်ပင် သာယာ ရပ်နေ ဦးကျော်ဆန်း၏နေအိမ်အရှေ့ ပိုင်း အုတ်တံတိုင်းပြိုကျခြင်းနှင့် ခြံ၀န်းအတွင်း‌ မြေသားကွဲအက်မှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အဆိုပါပျက်စီးမှုများအား လယ်ဦးနယ်မြေ မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးနန္ဒထွန်းနိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦး၀င်းတင့်နှင့်အဖွဲ့များ အရံ မီးသတ်တပ်ဖွဲ့ ဒုတိယတပ်ရင်းမှူး ဦးသာဌေးနှင့်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့တို့ ပါ၀င်သည့် ပူးပေါင်း အဖွဲ့များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထပ်မံပြိုကျခြင်းမရှိစေရေး အတွက် ပျက်စီးသွားသောရေထိန်းနံရံကမ်းပါးအား ကတုတ်ရိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။

ဖြိုးမမ(မိုးကုတ်)