ရေစကြိုမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအား ရွေးကောက် ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်ပို့ချ

ရေစကြို စက်တင်ဘာ ၁၅

ရေစကြိုမြို့နယ်တွင် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ယနေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့ အခြေခံပညာ ကျောင်းများနှင့်မြို့နယ်ခန်းမတို့၌ နေရာ ၇ နေရာခွဲ၍ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်ပို့ချသည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ကိုဗစ်- ၁၉ ကာလတွင်   ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန် ကြားချက်များနှင့်အညီ သင်တန်းနေရာ ၁ နေရာလျှင် သင်တန်းသားဦးရေ ၂၂ ဦးနှင့် ၂၃ ဦးနှုန်းသတ်မှတ်၍ ဖွင့်လှစ်ပို့ချ ခဲ့ကြောင်းသိရသည်။

နွယ်နွယ်အောင်(ရေစကြို ပြန်/ဆက်)