မြန်အောင် စက်တင်ဘာ ၁၇
မြန်အောင်မြို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသူများအား သွားလာစရိတ် ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။
မြန်အောင်မြို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြန်အောင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချိုချိုက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကာကွယ်ရေး လုပ်ငန်းများ မြို့နယ်အတွင်း ဆောင်ရွက်နေမှု၊ မြို့အဝင်/အထွက် စစ်ဆေးရေး ဂိတ်များနှင့် Quarantine Center တွင် တာဝန်ချထားမှု၊ အသိပညာပေး ကြေညာနေမှုများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များကို ဆွေးနွေး ခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော သွားလာစရိတ် ထောက်ပံ့ငွေများကို သပြေလှ စစ်ဆေးရေးဂိတ်နှင့် အောင်ဧရာ Quarantine Center တွင် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များအား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)