နောင်မွန်မြို့နယ်၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

နောင်မွန်  စက်တင်ဘာ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက် နာရီခန့်ကစ၍ ကဆန်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် နောင်မွန်မြို့အဝင် တဆာချောင်း ဘေလီသံဘောင်တံတား၊ နံဘတ်ချောင်း တံတားနှင့် ဇဟွတ်ချောင်း တံတားအနီးရှိ လယ်ကွင်းများသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ချောင်းရေကျော်မှုကြောင့် လူနှင့်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုမရှိပါကြောင်း၊ လက်ရှိအချိန်တွင် မော်တော်ယာဉ်နှင့် လူများဖြတ်သန်းသွာလာ၍ မရသေးကြောင်း၊ ချောင်းရေ အတက်/အကျ အခြေအနေအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များသည် ရေမြှင့်တက်မှု အခြေအနေအား စောင့်ကြည့်၍ ခရီးသွားပြည်သူများ အား ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြနန်း(ပြန်/ဆက်)