ပုလော၊ စက်တင်ဘာလ ၁၇
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့်၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မေတ္တာရှင် ပရဟိတအဖွဲ့၊ ပါရမီသုခပရဟိတအဖွဲ့ နှင့်ပူးပေါင်း၍ ပုလောမြို့နယ်၊ ကြဲကျေးရွာတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များအကြောင်း သိရှိစေရန် အသံချဲ့စက်များဖြင့် ယမန် နေ့နံနက်(၈) နာရီအချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စုတွင် ကြဲ၊ မီးလောင်ချောင်း၊ သဲပုံ၊ ကပတောင်ကြီး၊ စက်တော်ရာနှင့် ဘုတ်ချောင်းစသည့် ကျေးရွာများတွင် ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ် သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့်ပြည်သူများ တိကျစွာလိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များ ဖြစ်သည့် လူစု၊ လူဝေးသွားရောက်ခြင်း ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကိုစနစ်တကျဆေးကြောသန့်စင်ကြရန် စသည့် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများသိရှိစေရန်နှင့် သဘာ၀ဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)