ကြည့်မြင်တိုင် စက်တင်ဘာ ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း၍ ယမန်နေ့က နယ်မြေအေးချမ်း လုံခြုံရေး အတွက် ယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်များစစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက အများပြည်သူများ စိတ်အေးချမ်းစွာ နေနိုင်ရေး၊ ဒုစရိုက်မှုခင်းများမဖြစ်ပေါ်စေရေးနှင့် အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက် နိုင်ရေးတို့အတွက် လှည့်ကင်းဆောင်ရွက်ခြင်း၊ လမ်းတလျှောက်ဖြတ်သန်းသွားလာသော ယာဉ်များ အား ရပ်တန့်စေပြီး ယာဉ်စည်းကမ်းဆိုင်ရာများ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်ခြင်း နှင့် နယ်မြေအေးချမ်း လုံခြုံရေးတို့အတွက် စစ်ဆေးကြောင်း သိရသည်။
ယာဉ်အန္တရာယ် မတော်တဆဖြစ်မှုများနှင့် အခြား မလိုလားအပ်သည့် အန္တရာယ်များ မဖြစ်ပေါ်စေရန် စုပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)