ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း Home Quarantine နေထိုင်သူများနှင့် လိုအပ်နေသော အိမ်ထောင်စုဝင်များအား လှူဒါန်းမှုများပြုလုပ်

ဒဂုံတောင် စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ Home Quarantine နေထိုင်သူများနှင့် လိုအပ် နေသော အိမ်ထောင်စုဝင်များအား ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အာလူး၊ ကုလားပဲနှင့် နှာခေါင်းစည်း(mask)များ လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုကို အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ဦးဆောင်မှုနှင့် အတူ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် အလှူရှင်များက လူဝင် လူထွက်စစ်ဆေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်းနှင့် Home Quarantine ထားရှိသည့် နေရာများတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို လည်း လှူဒါန်းကူညီခဲ့ကြကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)