ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ကာလအတွင်း Online အစီအစဉ်ဖြင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ရန်ကင်း၊ စက်တင်ဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စက်တင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့စာကြည့်တိုက် စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တ ရပ်ဆိုင်းထားပြီး Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ ကို ခေတ္တရပ်ဆိုင်းထားသော်လည်း ပြည်သူများအတွက် Online မှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်စေရန်၊ ကလေးသူငယ်များ စာပေဗဟုသုတပိုမိုတိုးတက် လာစေရန် အတွက် ရည်ရွယ်၍ ရန်ကင်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှ Online စနစ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်များအတွက် ရုပ်ပုံပြ ပုံပြင်ပြောကြားခြင်း၊ ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်ခြင်း၊ ရုပ်ပုံလေးများအား ဆေးရောင် ခြယ်သခြင်း၊ ကဗျာရွတ်ဆို ပြခြင်း၊ စာပေချစ်မြတ်နိုးသူများအတွက် ဗဟုသုတဖြစ်စေမည့် စာအုပ်၊ စာစောင်များကို မိတ်ဆက်ပေးခြင်း ၊ ကျန်းမာရေးအသိပညာပေးအစီအစဉ်၊ အိမ်တွင်းမှုလက်မှု ပညာသင်တန်း အစီအစဉ်များ ကို နေ့စဉ်ရိုက်ကူး တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)