ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား သင်တန်းပို့ချ

ဆင်ပေါင်ဝဲ  စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင ်အဖွဲ့ခွဲဝင်များက ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကို ယနေ့ နံနက် (၉) နာရီက ဆင်ပေါင်ဝဲမြို့ အ-ထ-က ကျောင်းတွင် စာသင်ခန်း(၃)ခန်းခွဲ၍ သင်တန်း ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ဆင်ပေါင်ဝဲမြို့နယ် ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးအောင်တင့်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းစတင် ဖွင့်လှစ်ပို့ချရာ လုပ်ငန်းလမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းပို့ချပြီး ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် သင်တန်းသား (၂၈၆ ) ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်း စည်း Mask တပ်ဆင် စေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးဘေစင်တွင် လက်စနစ်တကျဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး အကွာအဝေး သတ်မှတ်ထိုင်စေခြင်း စသည့် အချက်များနှင့်အညီ သင်တန်းကို (၂)ရက်ကြာ   နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်တန်း ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။  

ချိုချိုဝင်း(ပြန်/ဆက်)