ညောင်ရွှေမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ညောင်ရွှေမြို့ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီ က ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ နေရာနှစ်ခုခွဲ၍ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် သားသတ်နှင့် အသားထုတ်လုပ်ရောင်းချရန် လိုင်စင်များထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ စည်ပင်သာယာ ရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သားသတ်နှင့် အသားထုတ်လုပ်ရောင်းချရန် လိုင်စင်များထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ က မြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖားဆောင်းမြို့နယ်နှင့်မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဖားဆောင်းမြို့နယ် ပူးပေါင်းစစ်ဆေးရေး ဂိတ်နှင့် မော်ချီးဒေသအမှတ်(၂) စစ်ဆေးရေးဂိတ်၌

မြို့သစ်မြို့နယ်၌ ညမထွက်ရအမိန့်ထုတ်ပြန်

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတစ်ဝန်း ကူးစက်ပြန့်ပွားလျက်ရှိရာ မကွေးခရိုင်၊ မြို့သစ်မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်မှအပ ညမထွက်ရ အမိန့်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒေသန္တရ အမိန့် ထုတ်ပြန် ကြေညာခဲ့သည်။

ကျိုင်းတောင်းမြို့တွင် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ခံစားရရှိသော သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) အတွက် လူမှုရေးပင်စင် ခံစားရရှိသော အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီး‌ရေးရာ အဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့မှ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၈၃၆၉) စုတို့အတွက် တတိယ အကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၈၃၆၉) စုတို့အတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ) ခန်းမ၌ ကျင်းပသည်။

အုတ်ဖိုမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်း တာဝန်များ ရှင်းလင်းဆွေးနွေး

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန

လင်းခေးမြို့ နမ့်တိန်းချောင်းရေတက်မှုကြောင့် ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ သစ်ဝါးတံတားကျိုးကျ

မိုးသည်းထန်စွာရွာသွန်းပြီး လင်းခေးနမ့်တိန်းချောင်းရေတက်လာမှုကြောင့် လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာ နမ့်တိန်းချောင်းနံဘေးရှိ ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထ သစ်ဝါးတံတားသည် ယနေ့နံနက်ပိုင်းက ကျိုးကျမှုဖြစ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန် တောင်ပိုင်းခရိုင်၊  ဆိပ်ကြီး ခနောင်တိုမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ပေးသည့်  ထောက်ပံ့ငွေများအား ယ‌နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စုများထံ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။

လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာတွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်ခန့် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဝမ်ဟတ်တိုက်နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to