နမ့်စန်မြို့ဝင် စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်/ထွက် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်များတွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ ဝန်ထမ်းအင်အား ထပ်မံတိုးမြှင့်ချထား၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။