မြို့သစ် စက်တင်ဘာ ၁၇
ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတစ်ဝန်း ကူးစက်ပြန့်ပွားလျက်ရှိရာ မကွေးခရိုင်၊ မြို့သစ်မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် အချိန်မီ ထိန်းချုပ်နိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာ ၏ ခွင့်ပြုချက်မှအပ ညမထွက်ရ အမိန့်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒေသန္တရ အမိန့် ထုတ်ပြန် ကြေညာခဲ့ သည်။
ထိုသို့ထုတ်ပြန်ကြေညာရာတွင် မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း စက်တင်ဘာလ (၁၅) ရက်နေ့မှ စ၍ နေ့စဉ် ည(၁၂)နာရီမှ နောက်နေ့ နံနက်(၄)နာရီအချိန်အထိ သတ်မှတ်နယ်နိမိတ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာ ခြင်း၊ စုဝေးခြင်းမပြုကြရန်၊ ညမထွက်ရအမိန့် အားပြည်သူများလိုက်နာကြရန် ရပ်ကွက်/ကျေးရွာများတွင် အသိပေး ကြေညာထား ကြောင်းနှင့် လိုက်နာခြင်း ရှိ/မရှိကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများက စောင့်ကြပ်ကြည့်ရှုစစ် ဆေးခြင်းများကို ရပ်ကွက်/ ကျေးရွာများအနှံ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ဒေသန္တရအမိန့်ဖောက် ဖျက်သူများကိုလည်း ထိ ရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့ အစည်းများ၊ ကျန်းမာရေးကိစ္စဖြင့် ပြင်ပသို့ သွားလာခြင်းမှအပ ဤအမိန့်သည် အများပြည်သူအကျိုးအတွက် ရည်ရွယ် ထုတ်ပြန် ထားခြင်း ဖြစ်သဖြင့် တိကျစွာ လိုက်နာကြရန်လိုအပ်ကြောင်းနှင့် ဤအမိန့်သည် ထုတ်ပြန်ပြီးနေ့မှစ၍ (၂) လ အတည်ဖြစ် ကြောင်းသိရ သည်။
သန်းဝင်းထွန်း(ပြန်ဆက်)