လင်းခေး စက်တင်ဘာ ၁၇
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်ခန့် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဝမ်ဟတ်တိုက်နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာတွင် ဝမ်ဟတ်ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်အောင်ဝင်းဇော် ဦးဆောင်၍ တပ်ဖွဲ့ဝင် (၆)ဦး၊ မိသားစုဝင် (၅)ဦး စုစုပေါင်း (၁၁)ဦးတို့က ပြည်သူ့ဆေးရုံဝင်းအတွင်း ချုံနွယ်များနှင့် ရှုပ်ထွေးသစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ ဆေးရုံဝင်းအပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်းနှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။
လင်းခေး (ပြန်/ဆက်)