ရွာငံမြို့နယ်တွင် သားသတ်နှင့် အသားထုတ်လုပ်ရောင်းချရန် လိုင်စင်များထုတ်ပေး

ရွာငံ   စက်တင်ဘာ   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ စည်ပင်သာယာ ရေးကော်မတီ၏ ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်အတွက် သားသတ်နှင့် အသားထုတ်လုပ်ရောင်းချရန် လိုင်စင်များထုတ်ပေးခြင်း အခမ်းအနား ကို ယနေ့နံနက်(၁၀)နာရီ က မြို့နယ် စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရွာငံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝဏ္ဏကျော် က သားသတ်နှင့် အသားထုတ်လုပ်ရောင်းချရန် လိုင်စင်များထုတ်ပေးရခြင်းနှင့် လေလံနှင့်ပတ်သက် သည့် စည်းကမ်းချက်များကို ရှင်းလင်းတင်ပြရာ လေလံဆွဲမည့်သူများမှ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ အသားထုတ် လုပ်ရောင်းချခွင့် လက်မှတ်ချထားပေးရာတွင် လုပ်ကိုင် ဆောင်ရွက်လိုသူ မည်သူမဆို စည်းကမ်းနှင့် ကိုက်ညီပါက လုပ်ကိုင်ဆောင်ရွက်ခွင့်များ ချထားပေး မည်ဖြစ်သည်။ သားသတ်လုပ်ငန်းဆောင်ရွက်ခွင့် ထုတ်လုပ်ပြီးအသားများအား ပြည်သူသို့ ဖြန့်ဖြူး ရောင်းချခွင့်လက်မှတ်များကို ရွာငံ၊ ရေဦးကျေးလက်၊ မြိုင်ကျေးလက်၊ မြင်းကျဒိုးကျေးလက်၊ နန်းခုံကျေးလက်နှင့် မြို့ကြီးကျေးလက် ဝက်သားသတ်လုပ်ငန်း လိုင်စင်နှင့် ရွာငံ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုး၊ နန်းခုံနှင့် မြို့ကြီးကျေးလက် အမဲလုပ်ငန်းလိုင်စင်(၁၂)ခုတို့အား လုပ်ကိုင်ခွင့်လက်မှတ် (၂၀)ဖြင့် ထုတ်ပေးခဲ့ပြီး လုပ်ပိုင်ခွင့်လက်မှတ်ရရှိသူ (၂၀)ဦးတို့အား ရွာငံမြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝဏ္ဏကျော် တို့က တစ်ဦးချင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)