ကျိုက်မရောမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအားရွေးကောက်ပွဲ ဆိုင်ရာ ပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင် အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆင့်ပွား သင်တန်းကို ယနေ့ နံနက် ၁၀နာရီက ကျိုက်မရောမြို့ အတ္ထရံခန်းမ၌ပြုလုပ်ခဲ့သည်။