ကျိုင်းတောင်းမြို့တွင် စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ခံစားရရှိသော သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ သွားရောက်ပေးအပ်

ကျိုင်းတောင်း စက်တင်ဘာ ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) အတွက် လူမှုရေးပင်စင် ခံစားရရှိသော အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီး‌ ရေးရာ အဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့မှ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ သွားရောက်ပေးအပ်ရာတွင် ကျိုင်းတောင်းမြို့ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူမှုရေးပင်စင် ခံစားရရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၉)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ ငွေကျပ် (၂၇၀,၀၀၀) ကျပ်ကို  အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)