ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန် တောင်ပိုင်းခရိုင်၊  ဆိပ်ကြီး ခနောင်တိုမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ပေးသည့်  ထောက်ပံ့ငွေများအား ယ‌နေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စုများထံ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။
ဆိပ်ကြီး ခနောင်တိုမြို့နယ်တွင်  ရပ်ကွက်  ၉ ရပ်ကွက် ရှိပြီး၊  ပုံမှန်ဝင်ငွေမရှိသည့်  အခြေခံ လူတန်းစား အိမ်ထောင်စု (၇၁၈၆)စု ရှိပြီး အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀ဝိ/- နှုန်းဖြင့် ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များဖြစ်ကြသည့်  မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်  ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက  ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများထံ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)