မရမ်းကုန်းမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တတိယ အကြိမ် ထောက်ပံ့ငွေများပေးအပ်

မရမ်းကုန်း စက်တင်ဘာ ၁၇


ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် တတိယ အကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပုံမှန်ဝင်ငွေမရှိသူအခြေခံ လူတန်းစား (၁၂,၃၃၉)ဦးအတွက် တစ်အိမ်ထောင်လျှင် ကျပ်၂၀,၀၀၀ိ/-နှုန်းဖြင့် စုစုပေါင်းကျပ် ၂၄၆,၇၈၀,၀၀၀ိ/- အား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့ငွေ ပေးအပ်ခြင်း များ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
အေးအေးအောင်(ပြန်/ဆက်)