ရွှေကျင် စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအေဝးခန်းမနှင့် မြို့နယ် စည်ပင်သာယာခန်းမတို့တွင် ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ရှေ့ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ လက်ဆေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်းများကို ဆောင်ရွက် ပေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (၅)ဦးက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၏ တာဝန် နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွာမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းခြင်း၊ မဲရုံမှူး ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်ပါ လုပ်ဆောင်ရမည့် တာဝန်နှင့် ဝတ္တရားများ၊ ကြိုတင်မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း စသည့်ကြောင်းအရာများ သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်(၆၉)ဦး အား တစ်နေရာလျှင်(၃၀)ဦးဖြင့် နှစ်နေရာခွဲ၍ (၂)ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရွှေကျင်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၇၆၃၁၇) ရှိကာ ရပ်ကွက်/ကျေးရွာအုပ်စု(၃၉)အုပ်စု ၌ မဲရုံပေါင်း (၇၅)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရ သည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)