မိုင်းလုံ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို မိုင်းလုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မိုင်းလုံမြို့ အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းက အမှာစကား ပြောကြား ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိဌာန လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားရေး မိမိစကာကွယ် နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ မြို့ဝင်/ မြို့ထွက် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းဝေးသို့ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မိုင်းလုံလူငယ် ပရဟိတအသင်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဇော်ဇော်(ပြန်/ဆက်)