ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ‌ပေးမှုများ ဆောင်ရွက်

ပင်လည်ဘူး   စက်တင်ဘာ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးဆောင်ရွက်မှုများကို ယနေ့နံနက်က မြို့နယ်စည်ပင်သာယာဈေးမတွင်းနှင့် မြို့ပေါ်ရပ်ကွက် လမ်းဆုံ လမ်းခွများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းနှင့် ပညာပေးဆောင်ရွက်မှုများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသက်နောင်မှ ဦးဆောင်ပြီး မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကျော်နိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးနေတိုးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း အမှုဆောင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လမ်းသွား လမ်းလာပြည်သူများနှင့် ဈေးသည် ဈေးဝယ်များအား နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း(Mask) တပ်ဆင်ကြရန်၊ အပြင်က ပြန်လာတိုင်းနှင့် ပစ္စည်း တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်များကို ဆပ်ပြာဖြင့် ဆေးကြရန်၊ သုံးပြီးသား နှာခေါင်းစည်း (Mask) အဟောင်းများကို တပ်ဆင်ခြင်းမပြုဘဲ စနစ်တကျစွန်ပြစ်ကြရန်၊ အတတ်နိုင်ဆုံး လူစုလူဝေးများအား ရှောင်ရန်၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်ညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် ဆောင်ရန်၊ ရှောင်ရန်တို့အား အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။                   

မျိုးလွင်(ပင်လည်ဘူး)