ချောင်းဆုံ စက်တင်ဘာ ၁၇
နိုင်ဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရပ်/ကျေး အုပ်စု ကော်မရှင်အဖွဲ့ခွဲ များအား ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲဆင့်ပွားသင်တန်းကို ယနေ့ နံနက် (၁၀:၀၀)နာရီအချိန်က ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင် ကျင်းပသည်။
ရှေ့ဦးစွာ သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းနိုင် ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်း ရေးမှူး ဒေါ်ဝင်းသန္တာထွေးက ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရပ်/ကျေးအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနေဖြင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများအားရှင်းလင်း ပြောကြား သည်။
သင်တန်းတွင် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ သိရှိထားရမည့် လုပ်ငန်း တာဝန် များနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်များအား အသိပညာပေးခြင်း၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများလိုက်နာရမည့်ကျင့်ဝတ်၊ ရွေးကောက်ပွဲ ဆိုင်ရာစုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံး ခွင့်များ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းခြင်း စသည့်အကြောင်းအရာများနှင့် မဲပေးပုံ သရုပ်ပြခြင်းများကို သင်တန်းနည်းပြ ဆရာ(၃)ဦးတို့က သင်ကြား ပို့ချခဲ့ပြီး သင်တန်းအား မြို့နယ် အတွင်းရှိ ရပ်/ကျေးအုပ်စု(၄၆)အုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များအား စက်တင်ဘာလ (၁၈)ရက်နေ့ထိ အဖွဲ့(၃)ဖွဲ့ခွဲ၍ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)