တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၂၃၃၉ စု အတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် အခြေခံလူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ အတွက် နိုင်ငံတော်မှထောက်ပံ့ငွေများ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ​ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်)အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀ဝိ/-) ထောက်ပံ့ခြင်းကို ယ​​နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့များက ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြ သည်။

မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်ရေး သိမှတ်ဖွယ်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ကြိုတင်သတိပြု ကာကွယ်စေရေးနှင့် ဆောင်ရန်ရှောင်ရန် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး မြေစိုက်နံရံကပ် စာစောင်ပြသမှုကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယမန်နေ့က ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ဘန်ရူ ခန်းမ၌ ကျင်းပသည်။

ပိုင်ကျုံမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ခွဲ အဖွဲ့ဝင်များအား ပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

မကွေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများ ယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေမှု စသည့်စံ(၅)ချက်နှင့်အညီ ကျင်းပနိုင်ရေး ရည်ရွယ်၍

ညောင်တုန်းမြို့၌ ရပ်/ကျေးအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်/ကျေး ရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဆားမလောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက် ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက် (၉)နာရီက ထန်းတပင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာမှု မရှိသူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ အောင်မြေသာစံ မြို့နယ်တွင် နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာမှု မရှိသူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက သီရိမာလာ အနောက် ရပ်ကွက်၊ ၂၆လမ်း၊ လမ်း၉၀နှင့် ၉၁လမ်းကြား၊ သင်္ဂဇာအင်းဘေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to