မိုင်းယောင်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယမန်နေ့က ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်နန်းကိန်ခိုင်၊ လူမှုဝန်ထမ်း(၄) ဒေါ်နန်းစံရှဲန်နွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများသည် မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် လူမှုရေးပင်စင်ရရှိသူ သက်ကြီးဘိုးဘွား ၁၀၄ ဦးအား တစ်ဦးလျှင် သုံးလစာအတွက် ကျပ် ၃၀၀၀၀ ကို အဘိုးအဘွားများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း