ပိုင်ကျုံမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

ပိုင်ကျုံ    စက်တင်ဘာ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ခွဲ အဖွဲ့ဝင်များအား ပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းရန်‌အောင်က အဖွင့်အမှာ စကား ပြောကြားပြီး လှိုင်းဘွဲမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးခင်မောင်ဝင်း၊ ဒေါ်နန်းမာလာဝင်းနှင့် ဒေါ်နန်းခင်ရီမြင့် တို့က ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများနှင့် သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် မဲစာရင်းများပြုစုခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးနိုင်ရေးအတွက် မဲစာရင်းပြုစုခြင်း၊ အစိုးရ၏ခွင့်ပြုချ က်ဖြင့် နိုင်ငံပြင် ပရောက်ရှိနေသူများ ကြိုတင်မဲ ပေးနိုင်ရေးအတွက် မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒနယ်ပြင်ပရောက် သူများ ကြိုတင်မဲ စာရင်းပြုစုခြင်း၊ ဥပဒေ၊ နည်းဥပဒေနှင့်မဲဆန္ဒ ရှင်စာရင်းပြုစုခြင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဖွဲ့စည်းပုံများ စသည့်ရွေးကောက် ပွဲဆိုင်ရာ အကြောင်းအရာများကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)