မြစ်ကြီးနား စက်တင်ဘာ ၁၇
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်ရေး သိမှတ်ဖွယ်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ကြိုတင် သတိပြု ကာကွယ်စေရေးနှင့် ဆောင်ရန်ရှောင်ရန် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး မြေစိုက်နံရံကပ် စာစောင်ပြသမှုကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး စာစောင်တွင် မိမိတို့ခရိုင်အတွင်း ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အနုပညာရှင်များ၏ အသိပေး နှိုးဆော်ချက်များ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask)ကို တပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ ကိုဗစ်-၁၉ မပြန်ပွားဖို့ မိမိကစ၍ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများသိရှိနိုင်ရေးအတွက် ရုံးတွင်း နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။
စိန်ဝင်း(ပြန်/ဆက်)