ဒဂုံ(အရှေ့) စက်တင်ဘာ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်)အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀ဝိ/-) ထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့များက ပြည်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြ သည်။
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၃၂)ရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀ဝိ/-)နှုန်း ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ထောက်ပံ့မှုစာရင်းတွင် ပါဝင်သော ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လှလှထွေး(ပြန်/ဆက်)