ညောင်တုန်းမြို့၌ ရပ်/ကျေးအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ဆင့်ပွားသင်တန်းဖွင့်လှစ်

ညောင်တုန်း စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်/ကျေး ရွေးကော်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဆားမလောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။

ဆင့်ပွားသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဦးတင်စိုး၊ ဦးစိန်လှိုင်နှင့် ဒေါ်တင်တင်လှိုင်တို့က မဲဆန္ဒနယ် ပြင်ပ ရောက်နေသူများ ကြိုတင်မဲပေးခြင်း၊ မဲပေးရန် ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲနေ့တွင် မဲရုံများကို ကြီးကြပ်ခြင်း၊ မဲဆန္ဒနယ်အတွင်းရှိ မဲရုံသို့ မလာရောက်နိုင်သူများ ကြိုတင်မဲပေးခြင်းနှင့် ရပ်/ကျေးအုပ်စုကော်မရှင် အဖွဲ့ခွဲဝင်များ လိုက်နာရမည့် ကျင့်ဝတ်များစသည့်အကြောင်း အရာများကို ပို့ချပေးခဲ့သည်။

အဆိုပါ ဆင့်ပွားသင်တန်းသို့ ဆားမလောက်၊ ဇီးဖြူကျွန်း၊ တဇင်ရေကျော်၊ တူးချောင်း၊ ဝဲဒေါင့်၊ ပါလှဲ့၊ စွန်တနီး ကျေးရွာအုပ်စု  () အုပ်စုတို့မှ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်တို့မှ စုစုပေါင်း သုံးဦးစီ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)