လားရှိုးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင် နှစ်နေရာ ခွဲ၍ တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆည်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နေ့လယ်က အိမ်တိုင် ရာရောက်ထောက်ပံ့ပေးခဲ့သည်။

အင်္ဂပူမြို့တွင်ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်

အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး‌ ကြေညာခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အင်္ဂပူမြို့ပေါ်ရှိ အမှတ်၁၊ ၂၊ ၃ ရပ်ကွက်များနှင့်ကံဦး‌‌ ကျေးရွာအုပ်စုအတွင်းရှိ ကံဦးကျေးရွာ၊ သုံးဆက်ကျေးရွာ၊ မြန်အောင်စုကျေးရွာ၊ ဇေယျကျေးရွာ များတွင်ပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ / မရှိ လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်တွင် လိုက်လံစစ်ဆေးခဲ့ကြသည်။

မိုးကောင်းမြို့၌ ကိုဗစ်-၁၉ကာလအတွင်း အပြင်ထွက်လျှင် Mask မဖြစ်မနေတပ်ဆင်သည့် အလေ့အထရှိစေရန် Mask အခမဲ့ဝေငှတပ်ဆင်ပေးခြင်း Campaign ဒုတိယအကြိမ်ပြုလုပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း အပြင်ထွက်လျှင် Mask မဖြစ်မနေ တပ်ဆင်သည့် အလေ့အထရှိစေရန် Mask အခမဲ့ဝေငှ တပ်ဆင်ပေးခြင်း Campaign ဒုတိယအကြိမ် ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် မန္တလေး-မြစ်ကြီးနား လမ်းမပေါ်ရှိ မီးပွိုင့် လမ်းဆုံများ၌ ဆောင်ရွက်ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့ရှိ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း ကို ယနေ့နံနက်ပိုင်းက ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်တို့ တွင် သွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

မိုင်းယန်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပန်လုံမြို့၌ Facility Quaratine ဝင်နေသူများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ရန်ပုံငွေမတည်လှူဒါန်း

(၀)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပန်လုံမြို့၌ ပန်လုံမြို့ပရဟိတလူမှုကူညီရေးအသင်းမှ Facility Quaratine ဝင်နေသူများကို ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အရေးပေါ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရန်ပုံငွေများ မတည်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းသိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။

သံတောင်ကြီးမြို့နယ်တွင်ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအားရွေးကောက်ပွဲ ဆိုင်ရန် သင်တန်းပို့ချ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က သံတောင်ကြီးမြို့ အ.ထ.ကကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမ တွင်ပြု လုပ်သည်။

ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ပန်းတ​နော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းကို အင်းမ​ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့ နံနက်(၉) နာရီမှ (၁၂)နာရီထိ မွန်းလွဲ(၁)နာရီမှ (၄)နာရီထိ သင်ကြားပို့ချ ပေးခဲ့သည်။
Subscribe to