တောင်တွင်းကြီး စက်တင်ဘာ ၁၇
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် အခြေခံလူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၂၃၃၉ စု အတွက် တတိယကြိမ ်အဖြစ်ထောက်ပံ့ငွေ ကျပ်သိန်းလေးထောင်ကျော်ပေးအပ်ပွဲကို ယနေ့နေ့လယ် (၁) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင်လှိုင်က အမှာစကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်တွင်းကြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၂) အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု( ၂၂၃၃၉) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ၄၄၆၇၈၀၀၀၀/ကျပ်တိတိ (ကျပ်သိန်းပေါင်း လေးထောင့်လေးရာ ခြောက်ဆယ့်ခုနစ်သိန်း ရှစ်သောင်း တိတိ) ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)