ထန်းတပင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ထန်းတပင်   စက်တင်ဘာ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက် ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယနေ့နံနက် ()နာရီက ထန်းတပင်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က္ကဌ  ဦးဝင်းဖေနှင့်  အဖွဲ့ဝင်များ ကရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တာဝန်ယူဆောင်ရွက်မည့် ကော်မရှင်အဖွဲ့ခွဲ ဝင်များအား ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ဖြည့်စွက် ခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလာဒ်များထုတ်ပြန်ခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ ဆောင်ရန်/ရှောင်ရန် အချက်များ၊ ပဒေနှင့် နည်းပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ ကြိုတင်ဆန္ဒမဲပေး ခြင်း၊ အငြင်းပွားမှုဖြေရှင်ခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း၊ မဲဆွယ်စည်းရုံးခွင့်၊မဲဆန္ဒရှင်အသိ ပညာပေးခြင်း စသည့်အခြေခံကျသည့် လုပ်ငန်းစဉ်များအား တာဝန်ရှိသူများက သက်ဆိုင်ရာခေါင်းစဉ် အလိုက်သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းသို့ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၃၅)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲဝင် ()ဦးနှုန်းဖြင့် ကိုဗစ်-၁၉ ကာလတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အား လိုက်နာ၍ သင်တန်းအား နံနက်()နာရီမှ   ညနေ()နာရီခွဲ အထိ နေရာခွဲကာ တစ်ခန်းလျှင် (၃၀)ဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာ (၁၇) ရက်နေ့မှ (၁၈) ရက်နေ့အထိ ()ရက်တာ  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲခွဲရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)