ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သုဝဏ္ဏဗဟိုဆောက်လုပ်ရေး သင်တန်းကျောင်းတွင် တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာနက တာဝန်ယူကျွေးမွေးလျက် ရှိသော Quarantine Centre တစ်ခုဖွင့်လှစ်ထားရှိခဲ့ပြီး ယခုအခါ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်၁၉ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ Quarantine Centre တစ်ခုကို (သင်္ဃန်းကျွန်းပညာရေးကောလိပ်)တွင် ထပ်မံဖွင့်လှစ်ကာ သင်္ဃန်းကျွန်းမြို့နယ်မှ Quarantineဝင်ရောက် နေသူ (၁၀၀) ဦး နှင့် ကူညီဆောင်ရွက်ပေးသူ စေတနာ့ဝန်ထမ်း(၂၀)ဦး စုစုပေါင်းလူဦးရေ (၁၂၀)ဦးအတွက် တစ်ရက်စာ စားသောက်ကုန်ကျစရိတ် (၁) ဦး (၅၀၀၀)ကျပ်နှုန်းဖြင့် တစ်ရက်(၆)သိန်းကျပ်နှုန်း လိုအပ်လျက် ရှိသည်။