အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာမှု မရှိသူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်

မန္တလေး စက်တင်ဘာ ၁၇

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ အောင်မြေသာစံ မြို့နယ်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာမှု မရှိသူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက သီရိမာလာ အနောက် ရပ်ကွက်၊ ၂၆လမ်း၊ လမ်း၉၀နှင့် ၉၁လမ်းကြား၊ သင်္ဂဇာအင်းဘေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊လူမှုရေးအသင်း အဖွဲ့များ၊ သီရိမာလာ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး‌အောင်ဆန်းလင်းနှင့် ရာအိမ်မှူးများ စုစုပေါင်း(၃၀)ဦးတို့က စုပေါင်း၍ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းမရှိသည့် ပြည်သူ(၃၈)ဦးအားနှာခေါင်းစည်း(Mask) တစ်ခုလျင် ၂၅၀၀ကျပ်နှုန်းဖြင့် ယခုဝယ် ယခုတပ်စနစ်ဖြင့် တစ်ပါတည်း တပ်ဆင်စေခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် အဖွဲ့က သွားရောက်ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။

ဇော်လင်းဦး(အောင်စံ)