ပြင်ဦးလွင်၊ စက်တင်ဘာ ၁၇
ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို နေ့စဉ်နံနက်ပိုင်းမှစတင်ပြီး ရပ်ကွက်/ကျေးရွာများအတွင်း တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရာတွင် ရပ်ကွက်အလိုက်၊ ကျေးရွာများအလိုက် ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ၊ ကျန်းမာရေးညွှန်ကြားချက်များအား လူတစ်ဦးချင်းအလိုက် လိုက်နာဆောင်ရွက်ရေး၊ မိမိနေအိမ်တွင်သာ အမြဲနေထိုင်ရန်၊ မဖြစ်မနေအပြင်သွားလာပါက နှာခေါင်းစည်း (Mask) လက်အိတ်ဖြင့်သာသွားလာနိုင်ရေး၊ လူထူထပ်သောနေရာများတွင်မသွားရန်၊ လူစုလူဝေးမပြုလုပ်ရန်၊ လက်ကိုရေဖြင့် စင်ကြယ်အောင်ဆေးကြောပြီးမှ ပါးစပ်၊ နှာခေါင်း၊ မျက်စိနှင့် နားတို့အား ထိတွေ့ကိုင်တွယ်ရန်နှင့် ရောဂါကူးစက်မှု မရှိစေရေး အချင်းချင်း အမြဲသတိပေးပြီး မိမိနေအိမ်တွင်သာနေထိုင်ရန် လှည့်လည်အသိပေးကြေညာလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)