ရေဦးမြို့နယ် စပါးစိုက်ခင်းဧက ၁၂၀ အတွင်း ငါးမျိုးများ စိုက်ထည့်

ရေဦး စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံ ဇာတ  တိုးပွားရေးနှင့် ငါးစားသုံးမှုဖူလုံစေရေး၊  ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေး ရည်ရွယ်၍ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မုတ်စီကျေးရွာ ကွင်းအမှတ် (၂၁၈၁)၊ တောင်သူ ဦးပြည့်  မိုးစပါးစိုက်ခင်းတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ ရွှေဘိုခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှုး ဦးအောင်သန်းဦးတို့က တက်ရောက်လာကြသော တောင်သူများအား ငါးသားပေါက်များ ပေးအပ်ခဲ့သည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်ကြီးနှင့် ခရိုင်မြို့နယ် ဌာနဆိုင်ရာများ၊  ငါးလုပ်ငန်း ဦးစီးဌာန  ၀န်ထမ်း များ၊ တောင်သူများက တောင်သူ ၄၂ ဦး  စပါးစိုက်ခင်းဧက ၁၂၀ အတွင်းသို့ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၄၂၀၀၀ ၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ၂၈၀၀၀ ၊ စုစုပေါင်းငါးသား ပေါက်ကောင်ရေ ၆‌ သောင်းကို စပါးခင်းများအတွင်း စိုက်ထည့်ပေးခဲ့ကြ ကြောင်း သိရသည်။

သန်းထိုက် (ရေဦး)