ဇလွန် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များက ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က အ.ထ.က (၁)ဇလွန်တွင် စာသင်ခန်း (၃)ခန်းခွဲ၍ သင်တန်း ဖွင့်လှစ်ပို့ချခဲ့သည်။
ရှေးဦ:စွာ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းစတင် ဖွင့်လှစ်ပို့ချရာ လုပ်ငန်းလမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းပို့ချပြီး ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် သင်တန်းသား ( ၅၈ ) ဦး တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်း စည်း Mask တပ်ဆင် စေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး အကွာအဝေး သတ်မှတ်နေထိုင်စေခြင်းစသည့် အချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ ပြီး သင်တန်းကာလမှာ တစ်ရက်ဖြစ်ကြောင်းသိရသည်။
ဝေယံ (ဇလွန်)